ကျည်းတန်တဲ့ချစ်ချင်း***
မခြွေရက်ပါဘူး
ပင်ယံမှာဖူး ပွင့်ဦးလေးကို
တယုတယ
အနုအလှ ရွရွလေးလှစေချင်။
သခင်လိုထား
အစေပါးနှယ် ရင်မှာတွယ်လို့
သွယ်သွယ်နွဲ့နွဲ့
မေတ္တာဖွဲ့လို့သာ ခစားရင်
သခင်ပျော်မှာလားလို့ တွေးမိတယ်။
သခင့်အပါးဝယ် ရန်စွယ်ဟူသမျှ
မမြင်စေရပဲ သူရဲကောင်းနှယ်
မာန်ဝင့်ထယ်စွာ
နာကျင်မှုဝေး အချစ်ဆေးဖြင့်
ကာကွယ်ပေးလို့ အနားနေချင်။
အမုနုးမဲ့ကာ
မျက်နှာလေးထက် အပြုံးသက်သက်
မပျက်ပြယ်ပဲ တစ်သက်လုံးပဲ
ရှိနေအောင် အရိပ်အကဲကြည့်လျှက်
ပေးဆပ်ရင်းပဲနေချင်တယ်။
အကြောင်းကမလှ
ဘဝကနုံခြာ မရေရာတာမို့
အဖြေရှာမရတဲ့အဆုံး
ဆက်ထုံးကိုဖြေ နွေတစ်ရာလိုအပူတွေကဲပေမဲ့
ဝေ့ဝဲမျက်ရည် ပုလဲလိုသီလို့
ဝေးရာကိုပဲပြေးပုန်းပါရစေတော့….မောင်။...(လရိပ်လေး)